How to Verify FBS Real Trading Account

5:30 PM | ,


FBS မှာ Trader အကောင့်ဖွင့်တာကို အရင်ပို့စ်မှာ ပြောခဲ့ပြီးပါပြီ။ အခုတစ်ခုမှာတော့ FBS မှာ ကိုယ့်ရဲ့ အကောင့်ကို Verify ဖြစ်အောင်လုပ်ဖို့အတွက် ပြောပြပေးသွားပါမယ်။ ကိုယ့်ရဲ့ အကောင့်က Verify ဖြစ်သွားမှပဲ ငွေထုတ်တဲ့အခါမှာ အလွယ်တကူ အဆင်ပြေပါတယ်။


သူ့ဆိုဒ်ကို သွားပြီးတော့ ကိုယ့်ရဲ့ FBS အကောင့်ကို Trader အကောင့်ဖွင့်တုန်းက E-mail နဲ့ Password ကို အသုံးပြုပြီးတော့ Login ၀င်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း မြှားပြထားတဲ့နေရာကို ကလစ်လိုက်ပါ။ ပြီးရင် အနီရောင်ပြထားတဲ့ Verification ဆိုတာကို နှိပ်လိုက်ပါ။ အောက်မှာ ပြထားတဲ့ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


အပေါ်ကပုံမှာ တောင်းဆိုထားတဲ့အချက်အလက်တွေကတော့
  • ID/Passport number: ဒီနေရာမှာတော့ ပတ်စပို့စ်ရှိတဲ့သူဆိုရင် ကိုယ်ရဲ့ပတ်စပို့နံပါတ်ကို ဖြည့်ပေးရပါမယ်။ ပတ်စပို့ မရှိတဲ့သူဆိုရင်တော့ ကိုယ်ရဲ့မှတ်ပုံတင်နံပါတ်အမှန်အကန်ကို ဖြည့်စွက်ပေးရပါမယ်။ ဘဏ်စာအုပ်ရှိတယ်ဆိုရင်တော့ ဘဏ်စာအုပ်ထဲက ဒေတာတွေအတိုင်း ဖြည့်စွက်ပေးလဲ ရပါတယ်။
  • Date of Birth: ကိုယ့်ရဲ့မွေးနေ့အပြည်အစုံကို ဖြည့်စွက်ပေးရပါမယ်။
  • City: ကိုယ်နေထိုင်တဲ့ မြို့ကို ဖြည့်စွက်ပေးပါ။
  • Home Address: ကိုယ့်ရဲ့အိမ်လိပ်စာကို ဖြည့်စွက်ပေးပါ။

ပြီးရင်တော့ Choose File ဆိုတဲ့ နေရာကိုနှိပ်၍ ဘဏ်စာအုပ်လိပ်စာပါ စာမျက်နှာနှင့် ပတ်စ်ပို့စာအုပ် (သို့မဟုတ်) မှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ကို Attached လုပ်ပေးပြီး Send Request ဆိုတာကိုနှိပ်ပါ။


ပြီးရင်တော့ Verification အတွက် စာရွက်စာတမ်းများ လက်ခံရရှိကြောင်းကို အီးမေးပို့လာပါလိမ့်မယ်။ Verify ဖြစ်ဖို့အတွက် တစ်ရက်နှစ်ရက်လောက် စောင့်ရနိုင်ပါတယ်။


Verify ဖြစ်သွားပြီးဆိုရင် FBS ကနေ အီးမေးထပ်ပြီး ပို့လာပါလိမ့်မယ်။ အပေါ်က ပုံအတိုင်း အီးမေးရောက်လာပြီးဆိုရင်တော့ ကိုယ့်ရဲ့ အကောင့်ကို Verify လုပ်လို့ ပြီးစီးသွားပါပြီ။


FBS မှာ ကိုယ့်ရဲ့ Personal Area ထဲကို ၀င်ပြီးတော့လဲ ကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ Trader အကောင့်ကို Verify ပြုလုပ်ထားပြီးကြောင်း တွေ့ရပါလိမ့်မယ်။

ထပ်မံဖြည့်စွက်ချက်များ
  • ကိုယ့်ရဲ့ Trader အကောင့်ကို နာမည်အမှန်၊ အချက်အလက်ဒေတာ အမှန်အကန်များဖြင့်သာ ဖွင့်ပါ။ တကယ်လို့ ဘဏ်စာအုပ် (သို့) ပတ်စပို့စ်ရှိတယ်ဆိုရင် အဲဒီမှာ ပြထားတဲ့ အချက်အလက်တွေအတိုင်း Trader အကောင့်ကို ဖွင့်ပါ။
  • ကိုယ်ရဲ့ Trader အကောင့်မှာ ပေးခဲ့တဲ့နာမည်နဲ့ အီးမေးလိပ်စာနာမည်၊ ငွေသွင်းငွေထုတ်ပြုလုပ်တဲ့ Perfect Money မှာ ပေးတဲ့ နာမည်၊ ကိုယ့်ရဲ့ ဘဏ်ကဒ်မှာ ပေးတဲ့နာမည်များ အားလုံးတူညီနေရင် ပိုပြီးတော့ ကောင်းပါတယ်။
  • ကိုယ်က အစမ်းလေ့ကျင့်ဖို့အတွက်ပဲ မဟုတ်ဘူးဆိုရင်တော့ ပေးထားတဲ့နာမည်တွေကလဲ တစ်မျိုးစီ ဖြစ်နေတယ်ဆိုရင်တော့ Trader အကောင့်အသစ်ကို အချက်အလက် အမှန်အကန်များဖြင့် ပြန်ပြီး Register လုပ်သင့်ပါတယ်။ Register လုပ်ပုံလုပ်နည်းကို ဒီလင့်မှာ ရှင်းပြထားပါတယ်။

4 comments:

Unknown said...

verify လုပ်တာ ဖုန်းနံပါတ်တောင်းလို့ +959799648081 ဆိုပြီး ပို့လိုက်တာ pin code ပြန်ပို့ မပေးပါ။ ပြန်လုပ်လည်း မရပါဘူး။ တန်းလန်းကြီး ဖြစ်နေတယ်။ ကူပါဦး။

Unknown said...

ဟုတ်ကဲ့ဖုန်းနံပတ်ထည့်ပြီး pin code ရောက်မလာလို့ ခက်နေပါတယ်

Unknown said...

Error in Phone Confirm Code.how to do?

လမ်းပကြယ်တံခွန် said...

အကို demo အကောင့်က အစမ်းလုပ်၇တဲ့ အကောင့်လား ပြီးတော့ MT4 ကဘယ်လိုအသုံးပြု၇လည်းဗျ

Post a Comment