FBS မှာ 100% Bonus ရယူခြင်း

9:30 PM | ,


အခုတစ်ခါမှာတော့ ငွေထည့်တဲ့ Trader တွေအတွက် FBS ကနေ ပေးထားတဲ့ Promotions တွေထဲက တစ်ခုဖြစ်တဲ့  100% Bonus အကြောင်းနဲ့ အဲဒီ Bonus ကို ဘယ်လိုရယူရတယ်ဆိုတာကို ပြောပြပေးပါမယ်။

အဲဒီ Bonus ကို ရရှိဖို့အတွက် ကိုယ့်ရဲ့ Trader အကောင့်ကို အရင်ဆုံး ငွေဖြည့်သွင်းထားပြီး ဖြစ်ဖို့လိုပါတယ်။ ငွေဖြည့်ရမယ့် ပမာဏကို ဘယ်လောက် အနည်းဆုံးထည့်ရမယ်ဆိုပြီးတော့ ကန့်သတ်ထားတာ မရှိပါဘူး။ ကိုယ့်ဖြည့်လိုက်တဲ့ ငွေပမာဏအတိုင်း FBS ကနေ Bonus ပြန်ပြီး ပေးမှာပါ။


အရင်ဆုံး ကိုယ့်ရဲ့ အကောင့်ကို ငွေမဖြည့်သွင်းရသေးဘူးဆိုရင် ငွေဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အကောင့်ကို ငွေဖြည့်သွင်းပြီးတာနဲ့ FBS ဆိုဒ်မှာ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Promotions and bonuses ကနေ Bonus 100% ဆိုတာကို နှိပ်လိုက်ပါ။ အပေါ်က ပုံမှာ မြှားပြထားတဲ့နေရာကအတိုင်း get bonus ကို နှိပ်လိုက်ရင် ကိုယ့်ဖြည့်သွင်းလိုက်တဲ့ ပမာဏအတိုင်း Bonus ပြန်ရပါပြီ။


Bonus ကတော့ ကိုယ့်ရဲ့ အကောင့်ထဲကို ချက်ချင်းအော်တို ရောက်လာပါတယ်။ ကိုယ်ရဲ့ Bonus ပမာဏကို ပြန်လည်ထုတ်ယူနိုင်ဖို့အတွက် (Trading ကနေရလာတဲ့ အမြတ်ကို ပြောတာမဟုတ်) FBS ကနေ သတ်မှတ်ထားတဲ့ ပမာဏပြည့်အောင် Trading လုပ်နေဖို့ လိုအပ်ပါတယ်။ အဲဒီ ပမာဏကို ပြည့်အောင် Trading လုပ်ပြီးပြီးဆိုရင်တော့ Bonus ငွေကိုပါ ထုတ်ယူလို့ ရပါပြီ။

ဆက်လက်ဖတ်ရန်

1 comment:

Unknown said...

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ အခုလို စေတနာနဲ့ ရေးပြီးတင်တဲ့သူ ရှိလို့ သိခွင့်ရတာပါ။ မြန်မာပြည်က
gomax capital က spread ယူတာများတယ် ဗျာ။ ဒါနဲ့ စမ်းကြည့်မယ်။ ကျေးဇူးပဲ။

Post a Comment